Cbox မှာ ကို Mglaymg တောင်းထားတာလေးတင်ပေးမှာဖြစ်ပါတယ် ဒီဆော့ဝဲက အသစ်
ထွက်နေပါပီ ဒါပေမဲ့သိတဲ့အတိုင်းပဲ အသစ်ဆိုရင်  crack တွေက ရှာရတာ သိပ်မလွယ်ပါဘူး
အခု တင်ပေးထားတဲ့ကောင်လေးတောင်မနည်းရှာထားရပါတယ် ကိုယ်ကလဲ ဒီလိုမျိုးဆော့ဝဲ
မသုံးဘူးတာကြောင့်ပါ ဒါပေမဲ့ သူငယ်ချင်းတွေ က တောင်းဆိုလာရင် ကျွန်တော် အဆင်ပြေ
အောင် ဆောင်ရွက်ပေးပါ့မယ် အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလေးက ဂစ်တာသမားတွေအတွက်
တော်တော်အသုံးဝင်မှာပါ အထဲမှာFunction တွေက မျိုးစုံပါတယ်ကျွန်တော် သူ့ကို full version
ဖြစ်အောင် keygen လေးထည့်ပေးလိုက်ပါတယ် ဘယ်လို  Full version ဖြစ်အောင်လုပ်ရမယ်
ဆိုတာလေးပါ မသိသေးသောသူတွေအတွက် အောက်မှာကျွန်တော် အဆင့်လေးတွေနဲ့ရှင်းပြ
ပေးလိုက်ပါတယ်..
၁။ ပထမဆုံး ဒေါင်းလော့ချထားတဲ့ဆော့ဝဲလေးကိုရမ်းလိုက်ပါ။
၂။ ရမ်းပြီးရင် သူ က လိုင်စင် ကီးအနေနဲ့  ID တောင်းပါလိမ့်မယ် မပူပါနဲ့ ခုနဒေါင်းတုန်းက
  ပါလာတဲ့ keygen  လေးကို copy ကူး ပီးရင် Start menu ထဲက ခုနရမ်းလိုက်တဲ့
  ဆော့ဝဲလေးကို Right click >> properties >>> ကိုသွားလိုက်ရင် box လေးတစ်ခု
  ကျလာပါမယ် အဲဒီကနေ File open location  ကိုဝင်လိုက်ပါ အဲဒါဆိုရင် ခုနက ကိုယ်ရမ်းထား
 တဲ့ ဆော့ဝဲလေးဟာ C ထဲ မှာရှိနေတဲ့ Location ထဲကိုရောက်မှာဖြစ်ပါတယ် ခုနကကူးလာ
တဲ့ keygen လေးကို paste လုပ်လိုက်ပါ  ပီးရင် သူ့ကို left click နှစ်ချက်ပေးလိုက်တာနဲ့
 Box  ကျလာမှာဖြစ်ပါတယ်  အဲဒီ ထဲမှာ User  ID နာမည်ပါပါတယ်  key ID ကို 
 လိုချင်ရင်တော့  generate ကို နိုပ်လိုက်ရင် ကျလာမှာဖြစ်ပါတယ် အဲတာလေးတွေကို
 ဆော့ဝဲရမ်းတုန်းက တောင်းတဲ့ နေရာမှာ Copy ကူးပီးသာသွားထည့်လိုက်ဗျာ
၃.ခုနက  file loction ထဲက  keygen လေးကို Delete ပေးလိုက်ပါ ပြီးတော့  Apply >>> 
ok  ပေါ့ဗျာ ပီးတာနဲ့ Full version
 အဖြစ် အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်... ဆော့ဝဲလေးကိုတော့ ကျွန်တော်အောက်မှာလင့်ခ်
 လေးနှစ်ခုနဲ့တင်ပေးလိုက်ပါတယ်  အားလုံးဒီလောက်ဆိုရင် အဆင်ပြေကြမယ်ထင်ပါတယ်
  ကို Mglaymg ရေ ဒီကောင်လေးနဲ့ အဆင်မပြေရင်  Comment box ( or) Cbox  ကနေ
 တဆင့် တောင်းဆိုလိုက်ပါဗျာ..... အမှားယွင်းများရှိခဲ့ရင် ကျွန့်တော့်ရဲ့ ချို့ယွင်းချက်သာ
 ဖြစ်ပါကြောင်း......................။
အဆင်ပြေကြပါစေဗျာ
အချစ်မြို့တော်ဝန်